ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းရလဒ်ဟာ ဘုရားသခင်ကို 
ယုံကြည်သလား၊ မယုံကြည်ဘူးလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ 
အတိတ်တုန်းက ဣသရေလလူမျိုးတွေဟာ သဲကန္တာရထဲမှာ 
ရန်သူ (၁၃၅,၀၀၀)ကို တိုက်ခိုက်ပြီး ယေရိခေါမြို့ကိုသိမ်းပိုက်တဲ့အခါ၊ 
သူတို့မှာ ဘုရားသခင်ရဲ့ရှုထောင့်ကနေ အရာအားလုံးကို ရှုမြင်တတ်တဲ့ 
ယုံကြည်ခြင်းရှိခဲ့တဲ့အတွက် လူအင်အားနည်းနည်းလေးနဲ့ အောင်မြင်မှုရနိုင်ခဲ့ပါတယ်။
ဒါဝိဒ်နဲ့ ယောရှုတို့ဟာ ဘုရားသခင်ရဲ့အတွေးအမြင်ကို ပိုင်ဆိုင်ပြီး၊ 
ဘယ်လိုအခက်အခဲပဲ ရင်ဆိုင်ရပါစေ ဘုရားသခင်က သူတို့နဲ့အတူရှိတယ်လို့ 
အမြဲတမ်းယုံကြည်ပြီး ယုံကြည်ခြင်းလမ်းကို လျှောက်ခဲ့ကြပါတယ်။ 
အဲဒီလိုပါပဲ၊ ဘုရားသခင်၏အသင်းတော် မိသားစုတွေဟာ 
အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်က သူတို့နဲ့အတူ 
အမြဲတမ်းရှိနေတယ်ဆိုတာကို ယုံကြည်ရင်း 
ဧဝံဂေလိရဲ့အောင်မြင်ခြင်းလမ်းကို လျှောက်လှမ်းနေကြပါတယ်။
“ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။
အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊
ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူအား
အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။”
ဟေဗြဲသြဝါဒစာ ၁၁:၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ  ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉ 
ဖုန်း ၀၃၁-၇၃၈-၅၉၉၉  ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်