ကျွန်တော်တို့ပြောတဲ့စကားတွေရဲ့ ၉၈%ကို ကျွန်တော်တို့ရဲ့ဦးနှောက်မှာ ထုထွင်းထားပါတယ်။ ကျွန်တော်တို့ရဲ့ဦးနှောက်ထဲမှာ မကောင်းတဲ့စကားတစ်ခွန်းကို ထုထွင်းထားတယ်ဆိုရင်၊ အဲဒီမကောင်းတဲ့စကားကို ဖယ်ရှားဖို့အတွက် ကောင်းတဲ့စကား အခွန်းတစ်ထောင်လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံရဲ့တန်ဖိုးကို နားလည်ပြီး ကောင်းကင်မှာ ကောင်းချီးမင်္ဂလာတွေကို စုပုံထားနိုင်ဖို့အတွက်၊ ကျေးဇူးတင်ခြင်းနဲ့ ဝမ်းမြောက်ခြင်းအားဖြင့် အကောင်းမြင်တဲ့အရာတွေကိုပဲ အမြဲတမ်းပြောပါလို့ ဘုရားသခင် မိန့်တော်မူခဲ့ပါတယ်။
ဘုရားသခင်၏အသင်းတော် မိသားစုတွေဟာ ကောင်းကင်ရဲ့တန်ဖိုးနဲ့ ကောင်းချီးမင်္ဂလာကို နားလည်ခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ "ဥပုသ်နေ့စောင့်ခြင်းအားဖြင့် ထာဝရငြိမ်ဝပ်ခြင်းကို လက်ခံပြီး၊ ပသခါစောင့်ခြင်းအားဖြင့် ထာဝရအသက်ကို ရယူကြစို့။ ပြီးတော့ အဖေအန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို လက်ခံခြင်းအားဖြင့် ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်လာကြပါစို့"ဆိုတဲ့ သတင်းကို ဟောပြောတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်သွားမယ့် ဒီလောကရဲ့ ဘုန်းတော်ကို အာရုံမစိုက်ဘဲ၊ ထာဝရကောင်းကင်နိုင်ငံရဲ့ ဘုန်းတော်ကိုပဲ အမြဲတမ်း အာရုံစိုက်ကြပါတယ်။
ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။... အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက် ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
ကောရိန်သုသြဝါဒစာဒုတိယစောင် ၄:၁၆-၁၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်