ခရစ်တော် အန်ဆန်ဟုန်းဟာ (၁၉၁၈)ခုနှစ်မှာ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျော်လာဘုဒို၊ ဂျန်ဆူဂွန်၊ မြောင်ဒောက်ဂိုလ်ရဲ့ မိုင်းတွင်းရွာမှာ မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂,၀၀၀)က ယေရှုခရစ် ပထမအကြိမ်ကြွလာတဲ့အခါ၊ စကားမပြောတတ်တဲ့ တိရစ္ဆာန်တစ်ကောင်တောင် သူ့ရဲ့နွားစွာခွက်ကို အပ်နှံခဲ့ပြီး၊ အရှေ့ဘက်ကနေလာတဲ့ မာဂုပညာရှိတွေကလည်း ရွှေ၊ လောဗန်နဲ့ မုရန်ကို ဆက်ကပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူဟာ လူသားအဖြစ် ကမ္ဘာကို ဒုတိယအကြိမ်ကြွလာတဲ့အခါ၊ မွေးဖွားချိန်ကနေစပြီး စမ်းသပ်မှုနဲ့ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
ခရစ်တော် အန်ဆန်ဟုန်း မွေးဖွားခဲ့တဲ့ (၁၉၁၈)ခုနှစ်၊ တစ်ကမ္ဘာလုံးကို သေခြင်းအိပ်မက်ဆိုးဖြစ်စေခဲ့တဲ့ ပထမကမ္ဘာစစ် မပြီးဆုံးခင်မှာ၊ သေခြင်းရဲ့အရိပ်က တစ်ကမ္ဘာလုံးကို လွှမ်းမိုးခဲ့ပြန်ပါတယ်။ စပိန်တုပ်ကွေးဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကို ကူးစက်ခဲ့ပြီး လူသန်း ၅၀ ကနေ သန်း ၁၀၀ အထိ သေဆုံးစေခဲ့ပါတယ်။ ကိုရီးယားလည်း ‘ဆေးဘက်ဆိုင်ရာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း’လို့ခေါ်တဲ့ ကပ်ဘေးကြီးရဲ့ကြောက်ရွံ့မှုကနေ ခြွင်းချက်မဟုတ်ခဲ့ပါဘူး။ တစ်ရွာလုံးက ရောဂါကူးစက်ခံရပြီး အလောင်းတွေကို သင်္ဂြိုဟ်ပေးမယ့်သူ မရှိခဲ့ပါဘူး။ စပိန်တုပ်ကွေးဟာ ကိုရီးယားလူမျိုး ၄၀% ဖြစ်တဲ့ ၇.၆ သန်းကို ကူးစက်ခဲ့ပြီး အဲဒီထဲက လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့ပါတယ်။
စာတန်ဟာ ဘာကိုတားဆီးဖို့အတွက် လူသားအားလုံးရဲ့အသက်တွေအပေါ် သေခြင်းပွဲကို ကျင်းပခဲ့တာပါလဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂,၀၀၀)တုန်းက ဟေရုဒ်မင်းဟာ ယေရှုခရစ်ကို သတ်ဖို့ ဗက်လင်မြို့နဲ့ အနီးတစ်ဝိုက်က သားယောက်ျားလေးတွေအားလုံးကို သတ်ဖြတ်ခဲ့ပါတယ်။ ဒီလိုပါပဲ၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ၊ စာတန်ဟာ ကလေးအားလုံးကို သတ်ခြင်းအားဖြင့် ဒုတိယအကြိမ် ကြွလာမယ့် ခရစ်တော်ရဲ့ မွေးဖွားခြင်းကို တားဆီးဖို့ ကြိုးစားခဲ့ပါတယ် (ရှင်မဿဲခရစ်ဝင် ၂:၁၃-၁၆)။
ဒါပေမဲ့၊ မှောင်မိုက်ရဲ့တန်ခိုးဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ အလိုတော်ကို ဘယ်တော့မှ မနှောင့်ယှက်နိုင်ပါဘူး။
ဒါဝိဒ်မင်းကြီးနဲ့ သင်္ဘောသဖန်းပင်ဥပမာရဲ့ ကြိုတင်ဟောစကားအတိုင်း၊ ခရစ်တော်အန်ဆန်ဟုန်းဟာ (၁၉၁၈)ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ အသက် (၃၀)ဖြစ်တဲ့ (၁၉၄၈)ခုနှစ်မှာ ဗတ္တိဇံခံပြီး ပဋိညာဉ်တရားသစ်ရဲ့ အသက်အလင်းကို ထွန်းလင်းစေခဲ့ပါတယ်။
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိ သာသနာပြုအဖွဲ့အစည်းဟာ သမ္မာကျမ်းစာရဲ့ ကြိုတင်ဟောစကားအတိုင်း ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းကို ယုံကြည်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်