စစ်မှန်တဲ့ဘုရားသခင်ဆီ လာဖို့အတွက်၊
ကျွန်ုပ်တို့ဟာ လူရဲ့စကားကို ယုံကြည်မယ့်အစား
ကျမ်းစာရဲ့နှုတ်ကပတ်ကို ယုံကြည်ရမှာဖြစ်ပါတယ်။
အကြောင်းကတော့၊ မိစ္ဆာပရောဖက်နဲ့ မှားယွင်းတဲ့အယူဝါဒ ပြည့်နေတဲ့ဒီခတ်မှာ
ဘုရားသခင်ရဲ့နှုတ်ကပတ်အားဖြင့်ပဲ အမှန်တရားနဲ့ မှားယွင်းမှုကို
ခွဲခြားသိမြင်နိုင်လို့ပဲ ဖြစ်ပါတယ်။
“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့်
သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။
ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။”
ရှင်ယောဟန်ခရစ်ဝင် ၅:၃၉
ယေရှုခရစ်ကို ဘုရားသခင်အဖြစ် မှန်မှန်ကန်ကန် သိမြင်တဲ့အခါ၊
ကောင်းကင်နိုင်ငံတော်ရဲ့သော့ကို ရရှိခဲ့တဲ့ ပေတရုလိုမျိုး၊
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ကြွလာတဲ့ အဖေဘုရားသခင်နဲ့
အမေဘုရားသခင်ကို မှန်မှန်ကန်ကန် သိမြင်တဲ့အခါ၊
ကောင်းကင်ရဲ့ ကြီးမားတဲ့ကောင်းချီးတွေကို ခံစားနိုင်ပါတယ်။
ဒီမြေကြီးပေါ်မှာရှိတဲ့အရာဟာ ကောင်းကင်အရာတွေရဲ့ ပုံပမာအရိပ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အထူးသဖြင့်၊ မြေကြီးမိသားစုစနစ်ကတစ်ဆင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို
ကောင်းကင်မိသားစုစနစ်အကြောင်းကို နှိုးဆော်ပေးခဲ့ပါတယ်။
ပြီးတော့၊ ပသခါ မုန့်နဲ့စပျစ်ရည်ကတစ်ဆင့် ပေးတဲ့ ဘုရားသခင်ရဲ့ အသားနဲ့အသွေးအားဖြင့်
ဘုရားသခင်ရဲ့ စစ်မှန်တဲ့သားသမီးဖြစ်နိုင်တယ်လို့ သင်ပေးတော်မူခဲ့ပါတယ်။
(အဖေ၊ အမေနှင့် သားသမီးများ ပါဝင်သည့် ကောင်းကင်မိသားစုစနစ်)
ဘုရားသခင်က ရှောလမုန်ကို မိခင်စစ်စစ်ကို ပိုင်းခြားသိမြင်နိုင်ဖို့ ဉာဏ်ပညာကို ပေးခဲ့သလို၊
ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော် အဖွဲ့ဝင်တွေဟာ ကျမ်းစာရဲ့နှုတ်ကပတ်ကတစ်ဆင့်
ပညာကို ရရှိပြီး၊ အမေဘုရားသခင်ဆီ လာနိုင်တဲ့ ကောင်းချီးမင်္ဂလာကို ရရှိခဲ့ကြပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်