ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိ သာသနာပြုအဖွဲ့အစည်းဟာ သမ္မာကျမ်းစာရဲ့ ကြိုတင်ဟောစကားအတိုင်း ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းကို ယုံကြည်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက၊ တပည့်တော်တွေက ယေရှုခရစ်ကို သူ့ဒုတိယအကြိမ်ကြွလာခြင်းရဲ့ နိမိတ်လက္ခဏာကို မေးမြန်းတဲ့အခါ၊ သူဟာ သင်္ဘောသဖန်းပင်ရဲ့ ဥပမာကို သင်ယူဖို့ မိန့်တော်မူခဲ့ပါတယ်။
သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။ (ရှင်မဿဲခရစ်ဝင် ၂၄:၃၀-၃၃)
ယေရှုခရစ်ဟာ သင်္ဘောသဖန်းပင်ဥပမာကနေတစ်ဆင့် သူ့ဒုတိယအကြိမ်ကြွလာမယ့်အချိန်ကို သိစေတော်မူခဲ့ပါတယ်။ ဒါဆိုရင်၊ သမ္မာကျမ်းစာထဲမှာ သင်္ဘောသဖန်းပင်က ဘာကိုကိုယ်စားပြုပါသလဲ။
ဓမ္မဟောင်းခေတ်ကတည်းက သင်္ဘောသဖန်းပင်ဟာ ဣသရေလကို ကိုယ်စားပြုပါတယ်။ (ယေရမိ ၂၄:၅) ဓမ္မသစ်ခေတ်မှာလည်း ယေရှုခရစ်ဟာ ဣသရေလကို သင်္ဘောသဖန်းပင်နဲ့နှိုင်းယှဉ်ခဲ့ပါတယ်။ (မာကု ၁၁:၁၂–၁၄၊ ၂၀–၂၁) သင်္ဘောသဖန်းပင်ကို ကိုယ်စားပြုတဲ့ ဣသရေလရဲ့ သမိုင်းထဲမှာ၊ ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတဲ့အချိန်နဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။
“သင်္ဘောသဖန်းပင်သည် နု၍ အရွက်ပေါက်သည်” ဆိုတာဟာ သွေ့ခြောက်တဲ့ သင်္ဘောသဖန်းပင် အသက်ပြန်ရှင်လာတာကို ဆိုလိုပါတယ်။ ဒါဟာ ဖျက်ဆီးခံခဲ့ရတဲ့ ဣသရေလကို ပြန်လည်တည်ထောင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ယေရှုခရစ် ကြိုတင်ဟောထားတဲ့အတိုင်း၊ အေဒီ (၇၀)မှာ ဣသရေလဟာ ရောမအင်ပါယာကြောင့် ဖျပ်ဆီးခံခဲ့ရပြီး၊ နှစ်ပေါင်း (၁,၉၀၀)ကြာအောင် ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့ပြီး ဒိုင်ယာစပိုရာဘဝကို နေထိုင်ခဲ့ကြပါတယ်။
ခရစ်တော်အန်ဆင်ဟုန်းသည် သင်္ဘောသဖန်းပင်ဥပမာနှင့်ပတ်သက်သည့် ကြိုတင်ဟောစကားကို ပြည့်စုံစေခဲ့သည်
ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပြီးနောက်၊ ဣသရေလဟာ သူတို့ရဲ့လွတ်လပ်ရေးကိုကြေညာခဲ့ပြီး သူတို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ပါလက်စတိုင်းမှာ နိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။
တစ်နည်းနဲ့ပြောရရင်၊ သင်္ဘောသဖန်းပင်ဟာ ယေရှုခရစ် ကြိုတင်ဟောထားတဲ့အတိုင်း ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဣသရေလရဲ့ လွတ်လပ်ရေးဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။ ဒါပေမဲ့၊ ဒါက သမိုင်းအဖြစ်အပျက်တစ်ခုပဲ မဟုတ်ပါဘူး။ ဒါဟာ ဘုရားသခင် စီစဉ်ထားတဲ့အတိုင်း၊ ယေရှုခရစ်က ဒုတိယအကြိမ်ကြွလာမယ်ဆိုတာကို ကမ္ဘာတစ်ဝန်းမှာ ကြေညာတဲ့ ပရောဖက်ပြုချက်လက္ခဏာတစ်ခု ဖြစ်ပါတယ်။
ခြောက်သွေ့သွားတဲ့ သင်္ဘောသဖန်းပင်က ပြန်လည်ရှင်သန်လာသလို၊ ဣသရေလဟာ (၁၉၄၈)ခုနှစ်မှာ ပြန်လည်တည်ထောင်ခဲ့ပါတယ်။ ဒီနှစ်မှာ၊ ယေရှုခရစ်ဟာ ဒုတိယအကြိမ်ကြွလာပြီး ဗတ္တိဇံခံပြီးနောက် ဧဝံဂေလိအမှုကို စတင်ရမှာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက တည်ထောင်ခဲ့တဲ့ ပဋိညာဉ်တရားသစ် ဧဝံဂေလိကိုလည်း ပြန်လည်တည်ထောင်ခဲ့ပါတယ်။ ခရစ်တော်အန်ဆန်ဟုန်းဟာ ကျမ်းစာရဲ့ ကြိုတင်ဟောစကားကို ပြည့်စုံစေဖို့အတွက် ဒုတိယအကြိမ်ကြွလာတဲ့ ယေရှုခရစ် ဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်