အရင်ရှိပြီးသား အသင်းတော်တွေက “လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ (မ ၂၄:၃၀)”ဆိုတဲ့ ကျမ်းပိုဒ်ကိုသုံးပြီး ကျမ်းစာထဲမှာ ဘုန်းတော်ကိုဆောင်ပြီး ကြွလာမယ်လို့ပြောထားတဲ့အတွက် ဒုတိယအကြိမ်ကြွလာတဲ့ခရစ်တော်က လူ့ဇာတိနဲ့လာမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ယေရှုခရစ်တော်ဟာ လူရဲ့အမြင်မှာ ဘုန်းကြီးတယ်လို့ နည်းနည်းမှ မထင်နိုင်တဲ့ လူ့ဇာတိနဲ့ မွေးဖွားလာခြင်းအားဖြင့် “ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ (ဟေရှာ ၄၀:၅)”ဆိုတဲ့ ပရောဖက်ဟေရှာယရဲ့ ကြိုတင်ဟောစကားကို အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ပြောဆိုမှုက မှားယွင်းတယ်ဆိုတာကို ကျွန်တော်တို့ နားလည်နိုင်ပါတယ်။
ခရစ်တော်ကို လက်ခံပြီး ကယ်တင်ခြင်းခံရတဲ့သူတွေကပဲ ကျွန်တော်တို့နဲ့တူညီတဲ့ သာမန်လူ့ဇာတိအဖြစ် ကြွလာတဲ့ ဒုတိယအကြိမ်ကြွလာတဲ့ခရစ်တော်ရဲ့ဘုန်းတော်ကို အသိအမှတ်ပြုနိုင်ပါတယ်။
နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
ရှင်ယောဟန်ခရစ်ဝင် ၁:၁၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်