ဘုရားသခင်ဟာ လူသားတွေရဲ့ကယ်တင်ခြင်းအတွက် သူ့ရဲ့အသွေးကို ကားတိုင်ပေါ်မှာ သွန်းလောင်းခြင်းအားဖြင့် ပသခါပွဲကို တည်ထောင်ခဲ့ပါတယ်။
ကနဦးအသင်းတော် သန့်ရှင်းသူတွေဟာ ခြင်္သေ့ရဲ့အစာဖြစ်လာခြင်းနဲ့
လူ့မီးရှုးတိုင်ဖြစ်ခြင်းလိုမျိုး ညှဉ်းပန်းနှိပ်စက်ခြင်းများစွာကို ခံစားခဲ့ရင်း၊
အသက်ရဲ့ အမှန်တရား ပသခါပွဲကို စောင့်ရှောက်ခဲ့ကြပါတယ်။
ဒါပေမဲ့၊ တမန်တော်ခေတ်နောက်ပိုင်းမှာ ၊ ပတ်စကား အငြင်းပွားမှုကြောင့်
အနောက်ပိုင်းအသင်းတော်ရဲ့ပြောဆိုမှုအတိုင်း
ပသခါပွဲဟာ အေဒီ (၃၂၅)မှာ ဖျက်သိမ်းခြင်း ခံခဲ့ရပါတယ်။
ဒီနေ့ခေတ်၊ ဘုရားသခင်၏အသင်းတော်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အသင်းတော်တွေနဲ့မတူဘဲ
ကနဦးအသင်းတော်လိုမျိုး ပသခါပွဲကို သန့်ရှင်းစွာ စောင့်ကြပါတယ်။
ဘာကြောင့်လဲဆိုရင်၊ ကျွန်တော်တို့ကို ကယ်တင်ဖို့အတွက်ကြွလာတဲ့
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့သင်ကြားမှုက
လူသားတွေကို ကယ်တင်တဲ့ အသက်ရဲ့အမှန်တရားဖြစ်တယ်ဆိုတာကို
အခိုင်အမာ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
“ထို့ကြောင့်၊ ကျွန်ုပ်တို့သည် အသစ်သွင်းခြင်း၊ ပေါင်းထည့်ခြင်းမပြုဘဲ မူလနေ့ရက်အစစ်အမှန်ကို စောင့်ရှောက်ကြပါသည်။ ...ဤပုဂ္ဂိုလ်များအားလုံးတို့သည် ယုံကြည်ခြင်းစည်းမျဉ်းကို လိုက်နာစောင့်ရှောက်လျက်၊ ဧဝံဂေလိတရားအတိုင်း (၁၄)ရက်နေ့တွင် ပသခါကို စောင့်ရှောက်ခဲ့ကြပါသည်။ ထို့အပြင်၊ သင်တို့အားလုံးထဲတွင် အငယ်ဆုံးသောသူဖြစ်သော ကျွန်ုပ်ပိုလီခရက်တီး(စ်)သည် ကျွန်ုပ်၏ ဆွေစဉ်မျိုးဆက်များ၏ ထုံးတမ်းစဉ်လာအတိုင်း လိုက်လျှောက်ခဲ့ပါသည်။”
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်