ကျွန်တော်တို့ရဲ့ဘဝထဲမှာ အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်းပြုခြင်းနဲ့ အသိပညာကို ပြုစုပျိုးထောင်ခြင်းလိုမျိုး မတူညီတဲ့လှုပ်ရှားမှုတွေ အများကြီးရှိပေမယ့် နောက်ဆုံးမှာ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့ အဖေအန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို တွေ့မှပဲ ကျွန်တော်တို့ဟာ အသက်ရေကို ခံရနိုင်ပြီး အပြစ်ခွင့်လွှတ်ခြင်းခံရပြီး၊ ထာဝရကောင်းကင်မွေးရပ်မြေကို ပြန်သွားနိုင်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တိုက်တွန်းတော်မူခြင်းခံရတဲ့သူတွေ မှတ်တမ်းတင်ထားတဲ့ ကြိုတင်ဟောစကားစာအုပ်ဖြစ်တဲ့ ကျမ်းစာဟာ အမှန်တရားရဲ့အလင်းဖြစ်တဲ့ ဘုရားသခင်က မှောင်မိုက်ဖုံးလွှမ်းနေတဲ့ ဒီမြေကြီးကိုကြွလာမှာဖြစ်ပြီး လူသားတွေကို ကယ်တင်မယ့်အကြောင်းနဲ့ အမေဘုရားသခင်ကို ဆန့်ကျင်တဲ့ ဧဒင်ဥယျာဉ်ထဲက စာတန်က ဖျက်ဆီးခြင်းခံရမယ်လို့ ကြိုတင်ဟောပြောထားပါတယ်။
သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
ကမ္ဘာဦးကျမ်း ၃:၁၅
နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။
ဗျာဒိတ်ကျမ်း ၁၂:၁၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်