ဣသရေလလူမျိုးတွေက ကျွန်ခံရာ အဲဂုတ္တုပြည်ကနေ လွတ်မြောက်တဲ့အချိန်၊ ကတိတော်ရဲ့မြေဖြစ်တဲ့ ခါနာန်ပြည်ကို ဝင်ရောက်တော့မယ့်အချိန်၊ ပြီးတော့ ရုပ်တုကိုးကွယ်တဲ့ ယောရှိမင်းကြီးနဲ့ ဟေဇကိမင်းကြီးတို့က ဘုရားသခင်ဆီ တစ်ဖန်ပြန်လာတဲ့အချိန်နဲ့ သုံ့ပန်းဘဝကနေ လွတ်မြောက်ခဲ့တဲ့ခေတ်မှာလည်း ပသခါပွဲက အဓိကနေရာမှာ ရှိခဲ့သလိုမျိုး ဒီနေ့ခေတ်မှာလည်း ပသခါပွဲအားဖြင့် ဘုရားသခင်ရဲ့ကယ်တင်ခြင်းသမိုင်းက ဖြန့်ကျက်နေပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက၊ ယေရှုခရစ်တော်ဟာ တပည့်တော်တွေနဲ့အတူ စောင့်ဖို့ အရမ်းအလိုရှိခဲ့တဲ့ ပဋိညာဉ်တရားသစ်ပသခါပွဲဟာ ဘာသာရေးနဲ့ နိုင်ငံရေး ပေါင်းစပ်မှုကြောင့် အေဒီ (၃၂၅)မှာ ဖျက်သိမ်းခံခဲ့ရပြီး၊ အမှောင်ထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့၊ ကြိုတင်ဟောထားတဲ့အတိုင်း ခရစ်တော်အန်ဆန်ဟုန်းက ပြန်ကြွလာပြီး ပသခါပွဲအားဖြင့် ကယ်တင်ခြင်းသမိုင်းကို စတင်တော်မူခဲ့ပါတယ်။
အချိန်ရောက်မှ တမန်တော်တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊ ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှာ အလွန်အလိုရှိလေပြီ။
ရှင်လုကာခရစ်ဝင် ၂၂:၁၅
အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့ သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၂၆:၁၇-၁၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်