ယေရှုခရစ်ဟာ ပသခါမုန့်နဲ့စပျစ်ရည်ထဲမှာ ပါဝင်တဲ့သူတွေဆီ ထာဝရအသက်ကို
ပေးမယ်လို့ ကတိပြုထားပါတယ်။ ကျွန်ုပ်တို့ဟာ ယေရှုခရစ်ကို ယုံကြည်တယ်ဆိုရင်
သူ့ရဲ့သင်ကြားမှုအတိုင်း လိုက်လျှောက်ကြရမှာဖြစ်ပါတယ်။ ယေရှုခရစ်ဟာ သူ့ရဲ့လူမျိုးတွေကို
ပသခါပွဲစောင့်ဖို့ မိန့်တော်မူခဲ့ပါတယ်။ သူ့ရဲ့ အမိန့်တော်အတိုင်း ပေတရုနဲ့ ယောဟန်တို့ဟာ
ပသခါပွဲကို စောင့်ခဲ့ပြီး၊ ကနဦးအသင်းတော်ဧဝံဂေလိရဲ့ အဓိကအလယ်ဗဟိုဖြစ်တဲ့ တမန်တော်ပေါလုလည်း
ပသခါပွဲကို စောင့်ခဲ့ပါတယ်။ ပြီးတော့ ဒီနေ့မှာ ဘုရားသခင်၏အသင်းတော်မိသားစုဝင်တွေကလည်း
ပသခါပွဲကို သန့်ရှင်းစွာနဲ့ စောင့်နေကြပါတယ်။
မွေးဖွားပြီးတာနဲ့ တစ်ကြိမ်တော့ သေကြရမယ့် လူသားတွေကို ထာဝရအသက်ပေးဖို့နဲ့
အဲဒီလူတွေကို သူ့ရဲ့သားသမီးဖြစ်စေဖို့အတွက် ဘုရားသခင်ဟာ သူ့ရဲ့အသားနဲ့အသွေးကို
သူတို့ဆီပေးခဲ့ပါတယ်။ ခရစ်တော်အန်ဆန်ဟုန်းဟာ အေဒီ (၃၂၅)ခုနှစ်မှာ ဖျက်ဆီးခံခဲ့ရတဲ့
ပသခါပွဲကို ပြန်တည်ထောင်ခဲ့ပါတယ်။ သူဟာ သန့်ရှင်းသောဝိညာဉ်တော်ခေတ်ရဲ့ ကယ်တင်ရှင်ဖြစ်ပြီး၊
ကျွန်တော်တို့ရဲ့ ဘုရားသခင်ပဲ ဖြစ်ပါတယ်။
“ငါသည်အသေမခံမှီ ဤပသခါပွဲကို
သင်တို့နှင့်အတူစားခြင်းငှါ အလွန်အလိုရှိလေပြီ။” ရှင်လုကာခရစ်ဝင် ၂၂:၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်