သြဂုတ်လ (၁၂) ရက်၊ (၂၀၂၄) ခုနှစ်
ပီရူးနိုင်ငံ၏ အမျိုးသားကဇာတ်ရုံကြီး
ပီရူးနိုင်ငံတစ်ဝန်းမှာ ရက်ပေါင်း (၂၀)ကျော် လှည့်လည်ပြီး
မမေ့နိုင်တဲ့ခံစားချက်အမြင်တွေကို ချန်ထားခဲ့ပြီးနောက်မှာ၊
မေရှိယ သံစုံတီးဝိုင်းဟာ သူတို့ရဲ့နောက်ဆုံးဖျော်ဖြေပွဲကို
ဒီနေရာ ပီရူးနိုင်ငံ အမျိုးသားကဇာတ်ရုံကြီးမှာ
ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
ပီရူးနိုင်ငံ အမျိုးသားကဇာတ်ရုံကြီးဟာ တောင်အမေရိကရဲ့
ထိပ်တန်းဖျော်ဖြေရေးနေရာတွေထဲက တစ်ခုအဖြစ် ကျော်ကြားပြီး
ထူးချွန်တဲ့အနုပညာရှင်တွေက သူတို့ရဲ့တစ်သက်မှာ
အနည်းဆုံးတစ်ကြိမ် ဖျော်ဖြေခွင့်ရဖို့ ဆန္ဒရှိကြတဲ့
ဂုဏ်သိက္ခာရှိတဲ့စင်မြင့်တစ်ခုလို့ သတ်မှတ်ခံရခဲ့ပါတယ်။
ပီရူးနိုင်ငံရဲ့ အမျိုးသားကဇာတ်ရုံကြီးမှာ အသံပိုင်းဆိုင်ရာ၊ အလင်းရောင်၊
ဖွဲ့စည်းပုံဆိုင်ရာ ဒိုင်းနမစ်နဲ့ နည်းပညာပိုင်းဆိုင်ရာကဏ္ဍတွေမှာ
အားသာချက်အများကြီးရှိပါတယ်။
ပလာစီဒိုဒိုမင်ဂို၊ အလန်ပါဆန်နဲ့ ချီခ် ခိုရီးယားတို့လို
ဂီတအမျိုးအစားအမျိုးမျိုးက ကမ္ဘာကျော်အနုပညာရှင်တွေဟာ
အဲဒီခန်းမမှာ ဖျော်ဖြေခဲ့ကြပါတယ်။
ကလော်ဒီယို အော်လန်ဒီနီ / ပီရူးနိုင်ငံ အမျိုးသားကဇာတ်ရုံကြီး၏ ဒါရိုက်တာ
ဒီဖျော်ဖြေတင်ဆက်မှုဟာ
ပီရူးယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်ကြောင့်
ဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။
မေရှိယ သံစုံတီးဝိုင်းဟာ ဖျော်ဖြေတင်ဆက်မှုတိုင်းမှာ
မတ်တပ်ရပ်အားပေးခြင်းကို ရရှိခဲ့ပြီး
ရေပန်းစားလာခဲ့ပါတယ်။ ဖျော်ဖြေပွဲခန်းမထဲမှာ
ကဏ္ဍနဲ့ လူမှုအဆင့်အတန်း အသီးသီးက ဧည့်သည်တွေနဲ့
ပြည့်နေပါတယ်။
နှစ် (၆၀) ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုကျင်းပနေတဲ့အပေါ်
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်းကို
ဂုဏ်ယူတဲ့အကြောင်း ပြောချင်ပါတယ်။
ကမ္ဘာတစ်ဝန်းလုံးမှာ လုပ်ဆောင်နေတဲ့
အမျိုးမျိုးသော စေတနာ့ဝန်ထမ်းလှုပ်ရှားမှုတွေ၊
အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး
ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးပါတယ်။
- ဗစ်တိုလ် အန်တိုနီယို ကာစတီးယို / တရားရုံးချုပ် တရားသူကြီး
ဒီနေ့ (မေရှိယ) သံစုံတီးဝိုင်းရဲ့ ဖျော်ဖြေတင်ဆက်မှုက ပီရူးနဲ့ ကိုရီးယားကို အချင်းချင်း
စည်းလုံးညီညွတ်စေပြီး တစ်လုံးတစ်ဝတည်းဖြစ်စေတာကို အရမ်းဝမ်းသာပါတယ်။
အားနီးမိုး၊ အားနီးမိုး၊ အားနီးမိုး။
- လယ်စလီ ဥရ်တယ်အာဂါ / ယဉ်ကျေးမှုဝန်ကြီး
အသင်းတော်ရဲ့ နှစ် (၆၀) ပြည့် နှစ်ပတ်လည်ကို ဂုဏ်ယူပါတယ်။
ကျွန်မတို့ရဲ့ ထာဝရသူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။
- ဆိုဖီယာ ဗယ်လာစ်ခယ်ဇ် / ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်