စိတ်ဖိစီးမှုကို ပြေပျောက်စေဖို့အတွက် သင်ဘာလုပ်မှာပါလဲ။
လူတိုင်းမှာ သူတို့ရဲ့အတွင်းပိုင်းဖိစီးမှုကို လျှော့ချတဲ့ ကိုယ်ပိုင်နည်းလမ်း ရှိကြပါတယ်။
ဒါပေမဲ့ အခု ကျွန်တော် တခြားနည်းလမ်းကို အကြံပြုချင်ပါတယ်။
အဲဒါကတော့ သင်တို့ရဲ့အမေကို ဖုန်းခေါ်တာဖြစ်ပါတယ်။
စတန်းဖို့ဒ်တက္ကသိုလ် ဆေးကျောင်းဟာ အသက် ၇ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေး ၂၄ ယောက်ကို စမ်းသပ်ခြင်းအားဖြင့် မိခင်ရဲ့အသံကို ကြားတဲ့အခါ ဦးနှောက်က ဘယ်လိုသက်ဝင်လှုပ်ရှားသလဲဆိုတာကို လေ့လာခဲ့ပါတယ်။
အသံဖိုင်တချို့မှာ သူ့တို့ ကိုယ်ပိုင်မိခင်ရဲ့အသံပါဝင်ပြီး တခြားအသံဖိုင်တွေမှာတော့ စပ်ဆိုင်မှုမရှိတဲ့ အမျိုးသမီးတွေရဲ့ အသံတွေ ပါဝင်ခဲ့ပါတယ်။
အသံဖိုင်တွေဟာ အရမ်းတိုပြီး စက္ကန့်ပိုင်းပဲရှည်ပေမယ့် ကလေးတွေဟာ သူတို့မိခင်ရဲ့အသံကို ၉၇% ထက် ပိုတိကျစွာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
တခြားအမျိုးသမီးရဲ့အသံထက် သူတို့မိခင်တွေရဲ့အသံကို ကြားတဲ့အခါ ဦးနှောက်တွေဟာ ပိုအများကြီး လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။
သူ့တို့မိခင်ရဲ့အသံကို ချက်ချင်းမှတ်မိခဲ့တဲ့ ကလေးတွေဟာ အသန်မာဆုံး လူမှုဆက်ဆံရေးစွမ်းရည်တွေ ရှိတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဒါဆို၊ ဒါဟာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာအတွက်ပဲ ဖြစ်ပါသလား။
သမ္မာကျမ်းစာဟာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာအမေက ကောင်းကင်ကနေ ဒီမြေကြီးကို ဆင်းသက်လာမယ်လို့ ကြိုတင်ပြောကြားထားပါတယ်။
လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက်၊
... သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။
ဗျာဒိတ်ကျမ်း ၂၁:၉-၁၀
အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။
ဂလ ၄:၂၆
သမ္မာကျမ်းစာက ကောင်းကင်အမေဟာ ကျွန်တော်တို့ သူ့ရဲ့သားသမီးဖြစ်လာပြီး ကယ်တင်ခံရဖို့အတွက် ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်တဲ့ သူ့ရဲ့ လေးနက်တဲ့အသံတော်ကို ကျွန်တော်တို့ ကြားနိုင်ဖို့အတွက် ဒီမြေကြီးပေါ်မှာ လူ့ဇာတိနဲ့ ပေါ်ထွန်းလာခဲ့တယ်လို့ သက်သေပြုထားပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ ကောင်းကင်အမေရဲ့အသံတော်ထက် ကျွန်တော်တို့ကြားဖို့ ပိုအဖိုးတန်တဲ့၊ ကျွန်တော်တို့အတွက် ပိုအကျိုးရှိတဲ့ အသံတစ်ခုခု ရှိပါသလား။
တိကျတဲ့အထောက်အထားတွေအရ၊ အဖြေကို သင်တို့သိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်