ဒီနေ့ခေတ်မှာ ဘုရားသခင်ဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ သင်ကြားချက်အတိုင်း ပဋိညာဉ်တရားသစ်အမှန်တရားထဲမှာ ကျန်ကြွင်းပြီး ဥပုသ်နေ့ကို သန့်ရှင်းစွာစောင့်ပြီး အောက်မေ့တဲ့ ကောင်းကင်သားသမီးတွေဆီ ကယ်တင်ခြင်းကို ခွင့်ပြုပေးပါတယ်။
ဘုရားသခင်ကို ယုံကြည်တယ်လို့ ပြောပြီး၊ ပညတ်တော်တွေကို မစောင့်တဲ့သူဟာ ဝိညာဉ်ရေးရာ မုသားသုံးတဲ့သူအဖြစ် ငရဲကိုပို့ခြင်းခံရမယ်လို့ ဘုရားသခင်က ပြောနေပါတယ်။
လောကီတရားခွင်မှာ တရားသူကြီးဟာ တရားလိုနဲ့ တရားခံကြား ဘယ်သူကမှန်ပြီး၊ ဘယ်သူကမှားလဲဆိုတာကို ဆုံးဖြတ်သလို၊ တရားစီရင်ရာနေ့ ရောက်လာတဲ့အခါမှာ ကောင်းကင်နိုင်ငံရဲ့ တရားသူကြီးဖြစ်တဲ့ ဘုရားသခင်ဟာ ကျမ်းစာရဲ့နှုတ်ကပတ်ကို အခြေခံပြီးတော့ လူတွေကို သူတို့ရဲ့အကျင့်အတိုင်း ကောင်းကင်ကိုသွားရမလား၊ ငရဲကို သွားရမလားဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုတော်ကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
ရှင်မဿဲခရစ်ဝင် ၇:၂၁
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကိုမစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။
ရှင်ယောဟန်ခရစ်ဝင် ၂:၃-၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်