လူတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကို မွေးဖွားပေးတဲ့ အဖေနဲ့ အမေရှိသလိုမျိုး၊ ကောင်းကင်တမန်ကမ္ဘာမှာလည်း ထာဝရအသက်ကိုခွင့်ပြုပေးမယ့် ဝိညာဉ်ရဲ့ အဖေနဲ့ အမေ ရှိတယ်ဆိုတာကို ယုံကြည်ပြီး ဘုရားသခင်ရဲ့သားသမီးဖြစ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တဲ့ ပဋိညာဉ်တရားသစ်ပသခါပွဲကို စောင့်ရှောက်ရပါမယ်။
ကောင်းကင်မှာ ကမ္ဘာအဆက်ဆက်စိုးစံမယ့် ဘုရားသခင်ရဲ့သားသမီးတွေဟာ ဘုရားသခင်ရဲ့နာမကို သိကြရမှာဖြစ်ပါတယ်။ သားတော်ခေတ်မှာ ယေရှုခရစ်တော်ရဲ့နာမကို လက်ခံပြီး အဲဒီနာမအားဖြင့် ကယ်တင်ခြင်းရရှိခဲ့ကြတဲ့ သန့်ရှင်းသူတွေလိုမျိုး ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို လက်ခံပြီး ဒီခေတ်မှာ ဘုရားသခင်ရဲ့နာမကို တစ်လောကလုံးမှာ ဖြန့်ဝေပြီး ကယ်တင်ခြင်းသတင်းကို ဟောပြောကြပါတယ်။
သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ၏။
တစ်နည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။
ဟေဗြဲသြဝါဒစာ ၁၂:၈-၉
အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
ဆာလံကျမ်း ၂၀:၇ (မြန်မာ့စံမီသမ္မာကျမ်း)
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်