ဘုရားသခင်ကို ‘အဖေ’လို့ ခေါ်ဆိုခြင်းဟာ ဂိုဏ်းဂဏခွဲတွေကို ကျော်လွန်ပြီး အသင်းတော်အားလုံးက သဘောတူကြပါတယ်။
ဒီလိုနဲ့ ဒီနေ့တိုင်အောင် လူသားတွေဟာ အဖေဘုရားသခင်တစ်ပါးတည်းကိုပဲ ယုံကြည်ကိုးကွယ်ခဲ့ကြပေမယ့် ဘုရားသခင်က လူသားတွေရဲ့ကယ်တင်ခြင်းအတွက် ပေးထားတဲ့ သမ္မာကျမ်းစာမှာ အမေဘုရားသခင်ရှိမှဘဲ လူသားတွေ အသက်ကိုရရှိပြီး ထာဝရကောင်းကင်ကို သွားနိုင်တယ်လို့ အကြိမ်ပေါင်းများစွာ အသိပေးထားပါတယ်။
ဘုရားသခင်ဟာ ပင်လယ်ထဲကငါးတွေ၊ မြေပေါ်မှာရှိတဲ့ တိရစ္ဆာန်တွေ၊ ကောင်းကင်ကငှက်တွေ၊ အပင်တွေရဲ့ကမ္ဘာနဲ့ လူသားတွေကိုလည်း အမေဆီကတစ်ဆင့် အသက်ကိုရရှိနိုင်အောင် ဖန်ဆင်းခဲ့တဲ့ရည်ရွယ်ချက်ဟာ အရာခပ်သိမ်းရဲ့အလိုတော်ကတစ်ဆင့် အသက်ကိုပေးတဲ့ အမေဘုရားသခင်ကို သိမြင်စေဖို့ဖြစ်ပါတယ်။
အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။
ဗျာဒိတ်ကျမ်း ၄:၁၁
ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊
ကမ္ဘာဦးကျမ်း ၁:၂၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်