ကျွန်ုပ်တို့ဟာ ပဋိညာဉ်တရားသစ်ပသခါအားဖြင့် ဘုရားသခင်ဆီ ပြန်သွားမယ်ဆိုရင်၊ အပြစ်ခွင့်လွှတ်ခြင်းနဲ့ ထာဝရအသက်ကို ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ဟာ ဘုရားသခင်ရဲ့ပဋိညာဉ်မှာ မတည်ဘူးဆိုရင်၊ ဘုရားသခင်က သူ့ဆီကနေ ထွက်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဝိညာဉ်ဆိုးကသူတို့ဆီကိုဝင်တဲ့အတွက်၊ ရှောလုမင်းနဲ့ ယုဒရှကာရုတ်ကို လုပ်သလိုမျိုး သူတို့ဟာ ဝမ်းနည်းစရာအဆုံးသတ်နဲ့ တွေ့ကြုံရမှာ ဖြစ်ပါတယ်။
ဟေဇကိမင်းဟာ စာပို့လုလင်တွေကိုစေလွှတ်ပြီး “ပသခါပွဲကိုစောင့်ပြီး ဘုရားသခင်ဆီပြန်လာပါ”လို့ ကြွေးကြော်ခဲ့တုန်းက၊ မြောက်ဣသရေလလူတွေဟာ သူတို့ကို ကဲ့ရဲ့လှောင်ပြောင်ခဲ့ပါတယ်။ နောက်ဆုံးမှာ အဲဒီလူတွေဟာ ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီလိုမျိုးတုံ့ပြန်တဲ့သူတွေဟာ မြောက်ဣသရေလလူတွေနဲ့ တူညီတဲ့အဆုံးသတ်ကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
ကမ္ဘာမှာ အသင်းတော်တွေအများကြီးရှိပေမယ့်၊ ဘုရားသခင်ရဲ့ကတိတော်ဖြစ်တဲ့ ပသခါပွဲကို စောင့်တဲ့အသင်းတော်ကပဲ ဘုရားသခင်ဆီပြန်သွားတယ်လို့ ပြောနိုင်ပြီး ဘုရားသခင်အတူရှိတဲ့အသင်းတော်အဖြစ် ကောင်းချီးမင်္ဂလာကို ခံစားနိုင်ပါတယ်။
“တစ်ဖန် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှာ၊ ဟေဇကိသည် စာရေး၍ ပေးလိုက်လေ၏။ ... အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။” ရာဇဝင်ချုပ်ဒုတိယစောင် ၃၀:၁-၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်