ကိုယ်တော်ကို ယုံကြည်သူတွေက သန့်ရှင်းသောဝိညာဉ်တော်ကို ခံရလိမ့်မယ်လို့ ဘုရားသခင် မိန့်တော်မူတဲ့အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူလိုသူတွေဟာ ခမည်းတော်ခေတ်မှာ ယေဟောဝါဘုရားသခင်၊ သားတော်ခေတ်မှာ ယေရှုခရစ်၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ် ကြွလာတဲ့ ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်တို့ကို ယုံကြည်ပြီး သူတို့ရဲ့သွန်သင်ချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံတဲ့သူတွေဟာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တဲ့သူတွေ ဖြစ်ပါတယ်။ နောဧ၊ အာဗြဟံ၊ မောရှေ၊ ယောရှုနဲ့ ကာလက်တို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံတဲ့အတွက် ကောင်းချီးခံစားခဲ့ရသလို၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်တဲ့ ဥပုသ်နေ့နဲ့ ပသခါပွဲကို စောင့်တဲ့ ယုံကြည်ခြင်းရှိသူတွေလည်း ဒီနေ့ ကောင်းချီးခံစားရမှာဖြစ်ပါတယ်။
ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၈:၄၇
သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကိုစောင့်၍ လမ်းတော်သို့မလိုက်၊ ထာဝရဘုရားကျိန်ဆိုသည်အတိုင်း၊ သင့်ကိုကိုယ်တော်အဖို့ သန့်ရှင်းသောအမျိုး အစဉ်အမြဲဖြစ်စေတော်မူမည်။ သင်သည် ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။ တရားဟောရာကျမ်း ၂၈:၉–၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်