မမြင်ရတဲ့ အချိန်ရဲ့စီးဆင်းမှုကို မြင်ရဖို့အတွက် နာရီကို ပြုလုပ်ခဲ့သလိုမျိုး မမြင်ရတဲ့ ဝိညာဏကမ္ဘာမှာ ကောင်းကင်နဲ့ ငရဲနဲ့ပတ်သက်ပြီး တရားစီရင်ခြင်းကို ကျမ်းစာအားဖြင့် မြင်နိုင်ပါတယ်။ အလင်းအဖြစ် ကြွလာတော်မူတဲ့ ယေရှုခရစ်တော်ဟာ မေလခိဇေဒက်ရဲ့အရိုက်အရာကို လိုက်ပြီး ကြွလာတဲ့အတွက် သူ့နောက်ကိုလိုက်တဲ့ သားသမီးတွေ တစ်နည်းအားဖြင့် ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေလည်း ပဋိညာဉ်တရားသစ် ပသခါပွဲကို စောင့်ရှောက်ပြီး သူရဲ့သင်ကြားမှုကို လိုက်နာပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀) တုန်းက လူ့ဇာတိနဲ့ကြွလာတော်မူတဲ့ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်တဲ့သူနဲ့ မယုံကြည်တဲ့သူအဖြစ်၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာတော့ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ် ကြွလာတော်မူတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို ယုံကြည်တဲ့သူနဲ့ မယုံကြည်တဲ့သူတွေအဖြစ် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ ကျမ်းစာက ပြောနေပါတယ်။
အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကိုမထင်ရှားစေခြင်းငှာ အလင်းသို့ မချဉ်းကပ်ကြ။ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၃:၁၉–၂၁
ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
ရှင်ယောဟန်သြဝါဒစာပထမစောင် ၁:၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်