ထမြောက်ပွဲဟာ ခရစ်တော်က သေတဲ့သူတွေထဲကနေ ပြန်ရှင်ပြန်ထမြောက်ပြီး သေခြင်းရဲ့အာဏာကို ချို့ဖဲ့ဖျက်ဆီးခဲ့တဲ့ ကြီးမားတဲ့တန်ခိုးတော်ကို ပြပေးတော်မူတဲ့ ပွဲတော်အဖြစ် ကနဦးအသင်းတော်ရဲ့ နိုးထမှုရဲ့ အခြေခံဖြစ်ခဲ့ပါတယ်။ ပြီးတော့ ပြင်းထန်တဲ့ဖိနှိပ်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေထဲမှာလည်း ယုံကြည်ခြင်းကို စောင့်ရှောက်နိုင်တဲ့ ဝမ်းမြောက်မှုနဲ့ မျှော်လင့်ခြင်းရဲ့ ပွဲတော် ဖြစ်ပါတယ်။
ခရစ်တော်ထဲမှာ အရင်ဆုံး သေလွန်တဲ့သူတွေဟာ လှပတဲ့ထမြောက်ခြင်းကို အောင်မြင်ပြီး အသက်ရှင်ကျန်ရစ်တဲ့သူတွေကတော့ တစ်ခဏချင်းမှာ ပြောင်းလဲခြင်းခံရတဲ့ ဝမ်းမြောက်စရာမျှော်လင့်ခြင်းကို ပေးတဲ့ ‘ထမြောက်ပွဲ’၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ သင်ကြားမှုအတိုင်း စောင့်ရှောက်တဲ့ ပဋိညာဉ်တရားသစ်ရဲ့ ထမြောက်ပွဲ ဖြစ်ပါတယ်။
ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။
သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
ကောရိန်သုသြဝါဒစာပထမစောင် ၁၅:၁၂-၁၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်