ကောင်းမှုကို ကြဲရင် သေချာပေါက် ကောင်းတဲ့ရလဒ်ကို ရိတ်ရမှာဖြစ်ပြီး၊ မကောင်းမှုကို ကြဲရင် မကောင်းတဲ့ရလဒ်ကို ရိတ်ရမှာဖြစ်ပါတယ်။
ဣသရေလလူမျိုးတွေဟာ သဲကန္တာရ အနှစ် (၄၀)ခရီးတစ်လျှောက် ညည်းညူမြည်တမ်းတဲ့စကားတွေကို ပြောပြီးနောက် ဖျက်ဆီးခြင်းခံခဲ့ရတဲ့ သမိုင်းနဲ့ သစ္စာရှိပြီး ကျေးဇူးတော်ရှိတဲ့စကားတွေအားဖြင့် ဘုရားသခင်ကို နှစ်သက်စေပြီး ကောင်းချီးများစွာကို ရရှိခဲ့ကြတဲ့ လူငယ်ဒါဝိဒ်၊ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ကို ကျွန်ုပ်တို့ သတိရကြရပါမယ်။
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ သင်ကြားမှုတွေကို လိုက်လျှောက်ပြီး အိမ်မှာ၊ အသင်းတော်မှာနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းတဲ့အကျင့်တွေ၊ သီလရှိတဲ့စကားတွေအားဖြင့် အမြဲတမ်း နှစ်သိမ့်အားပေးမှုကို ပေးတဲ့ ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ
ခက်ခဲတဲ့ဘဝကို ငြီးငွေ့နေသူတွေအတွက် "သေခြင်း၊ နာကျင်ခြင်းနဲ့ ပင်ပန်းခြင်းမရှိတဲ့ ကောင်းကင်နိုင်ငံရှိတယ်"ဆိုပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်း သတင်းကောင်းကို ဖြန့်ကျက်ဖို့ အားကြိုးမာန်တက် ရှေ့ကိုချီတက်နေကြပါတယ်။
ခက်ခဲတဲ့ဘဝကို ငြီးငွေ့နေသူတွေအတွက် "သေခြင်း၊ နာကျင်ခြင်းနဲ့ ပင်ပန်းခြင်းမရှိတဲ့ ကောင်းကင်နိုင်ငံရှိတယ်"ဆိုပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်း သတင်းကောင်းကို ဖြန့်ကျက်ဖို့ ဒီနေ့လည်း ခွန်အားနဲ့ ရှေ့ကိုချီတက်နေကြပါတယ်။
ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။
ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။
သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၁၂:၃၅-၃၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်