ဘုရားသခင်ဟာ ဣသရေလလူမျိုးတွေ လွတ်မြောက်လာတဲ့အချိန်မှာ ပထမဆုံးအကြိမ်အနေနဲ့ ပသခါပွဲရဲ့တန်ခိုးကို ထုတ်ဖော်ခဲ့ပြီး ပသခါပွဲကို မောရှေပညတ်အဖြစ် ကြေညာတော်မူပြီးတော့ “မိမိအချိန်၌ နှစ်တိုင်း စောင့်ရှောက်ရမည်”လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့လူမျိုးတွေဟာ ပသခါပွဲကို စောင့်တဲ့အတွက် ချီးကျူးခြင်းခံရပြီး ဘေးဒဏ်ကနေ ကာကွယ်ခြင်းခံရတဲ့သမိုင်းရှိပြီး ယေရှုခရစ်တော်ကလည်း တပည့်တော်တွေနဲ့အတူ ပသခါပွဲကို စောင့်ရှောက်ရင်း ထာဝရအသက်ကောင်းချီးကို ပေးတော်မူခဲ့ပါတယ်။
အေဒီ (၃၂၅) မှာ ပသခါပွဲ ဖျက်သိမ်းခြင်းခံရပြီးနောက် အသင်းတော်အားလုံးက အခြားသောဘုရားတွေရဲ့ ထုံးစံတွေကို စောင့်ရှောက်နေကြပေမယ့် ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့သင်ကြားမှုကတစ်ဆင့် ခေတ်တိုင်းမှာ ဘုရားသခင်က စောင့်ရှောက်ပါလို့မိန့်တော်မူတဲ့ ပသခါပွဲရဲ့အရေးကြီးမှုကို သိမြင်ပြီး စောင့်ရှောက်နေကြပါတယ်။
တစ်ဖန် ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ၌လာသည်အတိုင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုဆောင်ကြလော့ဟု လူအပေါင်းတို့ကိုမိန့်တော်မူ၏။ . . .မောရှေတရား၌ ပါသမျှကိုကျင့်သဖြင့်၊ စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားအထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တစ်ယောက်မျှမဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
ဓမ္မရာဇဝင်စတုတ္ထစောင် ၂၃:၂၁-၂၅
ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့ သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
ရှင်မဿဲခရစ်ဝင် ၂၆:၁၈-၁၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်