အဇုမပွဲထဲမှာ ကောင်းကင်မှာ အပြစ်ကျူးလွန်တဲ့လူသားတွေကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်တော်မူတဲ့ ခရစ်တော်ရဲ့ ကြီးမြတ်တော်မူတဲ့ ပေးဆပ်မှု၊ ဆည်းကပ်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့ စိတ်ဝိညာဉ် ပါဝင်ပါတယ်။ ခရစ်တော် ခံစားတော်မူခဲ့တဲ့ လက်ဝါးကပ်တိုင်ရဲ့ ဆင်းရဲဒုက္ခနဲ့ အသက်တာအားဖြင့် ကျွန်တော်တို့ရဲ့အပြစ်ကို နောင်တရပြီး ‘အဲဒီဆင်းရဲဒုက္ခမှာ ဝမ်းမြောက်စွာနဲ့ ပါဝင်မယ်’ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဇုမပွဲကို အောက်မေ့ရပါမယ်။
ဘုရားသခင်ဟာ လူသားတွေရဲ့ကယ်တင်ခြင်းအတွက် ဒီမြေကြီးကိုကြွလာခဲ့ပေမယ့် ယုံကြည်ခြင်းကောင်းတယ်လို့ ပြောကြတဲ့ ပေတရုကော၊ ယုဒရှကာရုတ်နဲ့ တခြားတပည့်တော်တွေလည်း အားလုံးက ဘုရားသခင်ရှေ့တော်မှာ ရက်စက်ယုတ်မာတဲ့လုပ်ရပ်ကို လုပ်ခဲ့ကြပါတယ်။ ဒီလိုအပြစ်သားတွေကို မမုန်းခဲ့ဘဲ အဲဒီအစား သနားတော်မူတဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို သင်ယူပြီး အခု ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့လက်ဝါးကပ်တိုင်ကို ထမ်းပြီး ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းကြရပါမယ်။
ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။
ရှင်မဿဲခရစ်ဝင် ၂၆:၅၆
ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။
ရှင်မဿဲခရစ်ဝင် ၁၆:၂၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်