ယေရှုခရစ်တော်က “မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သည်”လို့ မိန့်တော်မူထားတာကတော့ ဒီခေတ်မှာလည်း ယဇ်ပုရောဟိတ်တစ်ယောက်အနေနဲ့ ဦးဆောင်ရမယ့် ပဋိညာဉ်တရားသစ် ပသခါပွဲ ရှိတဲ့အတွက်ဖြစ်ပါတယ်။ ဓမ္မဟောင်းခေတ်မှာ မေလခိဇေဒက်က မုန့်နဲ့ စပျစ်ရည်အားဖြင့် အာဗြဟံကို ကောင်းချီးပေးခဲ့သလိုမျိုး ယေရှုခရစ်တော်ကလည်း မုန့်နဲ့ စပျစ်ရည်ကို ယူဆောင်လာပြီး လူသားတွေဆီ ထာဝရအသက်ကောင်းချီးကို ခွင့်ပြုတော်မူခဲ့ပါတယ်။
ပထမအကြိမ်ကြွလာတော်မူတဲ့ ယေရှုခရစ်တော်လိုမျိုး၊ ဒုတိယအကြိမ်ကြွလာတော်မူတဲ့ ခရစ်တော်အန်ဆန်ဟုန်းလည်း မေလခိဇေဒက်ရဲ့အရိုက်အရာကို လိုက်ပြီး ယဇ်ပုရောဟိတ်မင်းအဖြစ် ပဋိညာဉ်တရားသစ် ပသခါပွဲရဲ့ မုန့်နဲ့ စပျစ်ရည်အားဖြင့် ထာဝရအသက်ကောင်းချီးကို ခွင့်ပြုတော်မူခဲ့ပါတယ်။ ဒီခေတ်မှာ ပဋိညာဉ်တရားဟောင်းဖြစ်တဲ့ အာရုန်ရဲ့အရိုက်အရာ မဟုတ်ဘဲ ပဋိညာဉ်တရားသစ်ဖြစ်တဲ့ မေလခိဇေဒက်ရဲ့အရိုက်အရာကို လိုက်မှပဲ ဘုရားသခင်ရဲ့ကတိတော်ကို အမွေအဖြစ် ရရှိတဲ့ ကတိတော်နဲ့စပ်ဆိုင်တဲ့သားသမီးတွေ ဖြစ်နိုင်ပါတယ်။
ထိုကြောင့်၊ ကတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။ . . . မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ဝင်သောသူ ဖြစ်တော်မူ၏။
ဟေဗြဲသြဝါဒစာ ၆:၁၇-၂၀
ထိုနက်နဲသောအရာဟူမူကား၊ တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောကတိတော်ကို ဆက်ဆံရကြသတည်း။
ဧဖက်သြဝါဒစာ ၃:၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်