ဆယ်လ်မွန်ငါးဟာ ပင်လယ်ထဲမှာ နေထိုင်ပြီးတော့၊ ဥအုဖို့အတွက် သူတို့ရဲ့ မွေးရပ်မြေကို ပြန်လာကြပါတယ်။ အဲဒီဖြစ်စဉ်မှာ ဆယ်လ်မွန်ငါးဟာ ဘာမှမစားဘဲ သိုလှောင်ထားတဲ့ စွမ်းအင်ကိုသုံးပြီး နာကျင်မှုကို သည်းခံသလိုမျိုး၊ ကျွန်ုပ်တို့ လူသားတွေလည်း ဒီလောကမှာ သင်ယူခဲ့တဲ့ အကျင့်ဆိုးတွေနဲ့ အပြုအမူတွေကို အကုန်စွန့်လွှတ်ပြီး၊ အသစ်တစ်ဖန် မွေးဖွားခြင်းရဲ့ နာကျင်မှုကို ကျော်လွှားရင်း၊ အဖေနဲ့ အမေရှိတဲ့ ထာဝရကောင်းကင် မွေးရပ်မြေကို ပြန်သွားနိုင်ဖို့ ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာရဲ့ပရောဖက်ပြုချက်အတိုင်း၊ လူမျိုးတကာတို့ဟာ ယေရုရှလင် ကောင်းကင်အမေရဲ့ ရင်ခွင်ဆီကို ပျံသန်းလာနေကြတဲ့ ဒီအချိန်မှာ၊ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ အမေရဲ့ သင်ကြားချက်အတိုင်း အမေ့ရဲ့ချစ်ခြင်းစကားတွေကို အမြဲတမ်း လက်တွေ့ကျင့်ဆောင်ပြီး၊ ကောင်းမွန်တဲ့ အပြုအမူတွေကတစ်ဆင့် ယေရုရှလင် ကောင်းကင်အမေရဲ့ ဘုန်းတော်ကို တစ်ကမ္ဘာလုံးမှာ ထင်ရှားစေနေကြပါတယ်။
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။- ရောမသြဝါဒစာ ၁၂:၂
သင်ထလော့။ လင်းလော့။ သင်၏အလင်းရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။ ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။ ဟေရှာယအနာဂတ္တိကျမ်း ၆၀:၁-၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်