ဣသရေလလူမျိုးတွေ ပင်လယ်နီထဲ ဝင်ရောက်ခြင်းဟာ ယေရှုခရစ်တော် သင်္ချိုင်းဂူထဲ ဝင်ခြင်းကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးတွေ ပင်လယ်နီကနေ ကုန်ပေါ်တက်တဲ့နေ့ဟာ ယေရှုခရစ် ရှင်ပြန်ထမြောက်မယ့် ကြိုတင်ဟောစကားဖြစ်ပါတယ်။
ဒီအရာကို ကျွန်တော်တို့မမေ့အောင် ဘုရားသခင်ဟာ ဓမ္မဟောင်းခေတ်မှာ အဦးသီးသောအသီးပွဲကို တည်ထောင်တော်မူခဲ့ပါတယ်။
ဓမ္မဟောင်းကျမ်းမှာ အဦးသီးသောအသီးပွဲကို ပသခါပွဲနဲ့ အဇုမပွဲပြီးနောက် ပထမဆုံးလာတဲ့ တနင်္ဂနွေနေ့မှာ စောင့်ရှောက်ခဲ့သလိုမျိုး အိပ်ပျော်နေတဲ့သူတွေထဲမှာ အဦးသီးဖြစ်တော်မူတဲ့ ယေရှုခရစ်ရဲ့ ရှင်ပြန်ထမြောက်ခြင်းဟာလည်း တနင်္ဂနွေနေ့မှာ ဖြစ်ပျက်ခဲ့ပါတယ်။
ရလဒ်အနေနဲ့ ကနဦးအသင်းတော် သန့်ရှင်းသူတွေဟာ သူတို့သေသွားရင်တောင် တစ်ဖန်အသက်ရှင်အုံးမယ်ဆိုတဲ့ ယုံကြည်ခြင်းကို ကိုင်ဆောင်လာခဲ့ကြပြီး သူတို့ဟာ ဘုရားသခင်ရဲ့ဘက်မှာ ရပ်တည်ပြီး ကယ်တင်ခြင်းရဲ့သတင်းကို ဟောပြောရာမှာ ပျော်ရွှင်မှုကို အမြဲတမ်း ရှာတွေ့ခဲ့ကြပါတယ်။
ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။
၁ ကောရိန်သုသြဝါဒစာပထမစောင် ၁၅:၂၀
ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များတို့သည်ကွဲပြားကြ၏။
သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊
ကိုယ်တော် ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။
ရှင်မဿဲခရစ်ဝင် ၂၇:၅၁-၅၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်