လူတွေဟာ ဒီမြေကြီးပေါ်က သူတို့ဘဝရဲ့ အဆုံးသတ်ဟာ အရာအားလုံးရဲ့ အဆုံးသတ်ဖြစ်တယ်လို့ ထင်နေကြပေမယ့် ကောင်းကင်နဲ့ ငရဲဟာ တကယ်တည်ရှိပြီး တတိယအတိုင်းအတာကမ္ဘာထဲက သူတို့ရဲ့ဘဝ ပြီးဆုံးလကမ္ဘာဆီကို ပြန်သွားကြရမှာဖြစ်ပါတယ်။ ယေရှုခရစ်တော်ဟာ လူသားတွေရဲ့ အပြစ်ကို လက်ဝါးကပ်တိုင်ပေါ်မှာ ထမ်းဆောင်တော်မူခဲ့ပြီး သူ့ရဲ့ ချစ်ရတဲ့သားသမီးတွေကို အပြစ်ဒဏ်စီရင်ရာ ငရဲဆီကို မဟုတ်ဘဲ ကောင်းကင်ဆီကို ခေါ်ဆောင်ဖို့အတွက် ပဋိညာဉ်တရားသစ်ကို တည်ထောင်တော်မူခဲ့ပါတယ်။
သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ငရဲဟာ ကြီးမားတဲ့ ဆင်းရဲဒုက္ခရှိရာ အရပ်ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်တော်အန်ဆန်ဟုန်းနဲ့ ကောင်းကင်အမေဟာ နောက်တစ်ဖန် ပဋိညာဉ်တရားသစ်ကို သိစေတော်မူပြီး လူသားတွေ ကောင်းကင်မှာ ထာဝရဘုန်းတော်ကို ခံစားနိုင်မယ့် အခွင့်အရေးကို ခွင့်ပြုတော်မူခဲ့တာ ဖြစ်ပါတယ်။
လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊ ... ဟေဗြဲသြဝါဒစာ ၉:၂၇
သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့။ ... သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။ ဗျာဒိတ်ကျမ်း ၂၀:၁၀–၁၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်