ဧဒင်ဥယျာဉ်ထဲကပညတ်၊ ပဋိညာဉ်တရားဟောင်းပညတ်၊ ယေရှုခရစ်တော်တည်ထောင်ပေးတော်မူတဲ့ ပဋိညာဉ်တရားသစ်ပညတ် စတဲ့ ပညတ်အားလုံးဟာ ဘုရားသခင်က လူသားတွေရဲ့ အနာဂတ်မှာ တောက်ပတဲ့ဘုန်းတော်နဲ့ ပျော်ရွှင်မှုပေးဖို့ တည်ထောင်ပေးခဲ့တာဖြစ်ပြီး ဘုရားသခင်ရဲ့ပညတ်တော်နဲ့ စည်းမျဉ်းတွေကို စွန့်ခွာတာဟာ အဓမ္မအမှုဖြစ်ပြီး ဆိုးညစ်တဲ့အကျင့်နဲ့ ပုန်ကန်ခြင်း ဖြစ်တယ်လို့ ပရောဖက်ဒံယေလအပါအဝင် ပရောဖက်များစွာကတစ်ဆင့် ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ပြောပြနေပါတယ်။
ဘုရားသခင်၏အသင်းတော်က သန့်ရှင်းသူတွေဟာ ဘုရားသခင်ရဲ့သင်ကြားမှုဆိုရင် အသေးငယ်ဆုံးအရာ တစ်ခုကိုတောင် မလွတ်စေဘဲ ကျမ်းစာအတိုင်း လိုက်လျှောက်ဖို့ မိန့်တော်မူတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ သင်ကြားမှုကို စိတ်နှလုံးထဲမှာ ထုထွင်းထားပါတယ်။ ယေရှုခရစ်တော်က တည်ထောင်တော်မူပြီး စောင့်ရှောက်တဲ့ပုံသက်သေကိုပါ ကိုယ်တိုင်ပြပေးတော်မူတဲ့ ပဋိညာဉ်တရားသစ်ပညတ်တွေဖြစ်တဲ့အတွက် ဥပုသ်နေ့၊ ပသခါပွဲနဲ့ သုံးပိုင်းခွဲထားတဲ့ ပွဲတော်ခုနစ်ခုကို ဒီနေ့ခေတ်မှာလည်း သန့်ရှင်းစွာ စောင့်ရှောက်နေကြပါတယ်။
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ . . . ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ . . . ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏တန်ခိုးအာဏာကိုနုတ်၍ ရှင်းရှင်း ဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသောအမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ . . .
ဒံယေလအနာဂတ္တိကျမ်း ၇:၂၅-၂၇
ငါသည် သူတို့အဖို့ ပညတ်ချက်များကို ထောင်သောင်းမက ရေးပေးသော်လည်း သူတို့နှင့်မစပ်ဆိုင်ဟု ထင်မှတ်ကြ၏။
ဟောရှေအနာဂတ္တိကျမ်း ၈:၁၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်