ပဋိညာဉ်တရားသစ် ဧဝံဂေလိကို ယုံကြည်ပြီး ဘုရားသခင်ရဲ့ပညတ်တော်ကို မှန်မှန်ကန်ကန် သိမြင်ပြီး စောင့်ရှောက်ရင်း ထာဝရအသက်ရရှိပြီး ကောင်းကင်နိုင်ငံမှာ ဘုရားသခင်ရဲ့အမွေကိုခံရတဲ့ တော်ဝင်ယဇ်ပုရောဟိတ်တွေ ဖြစ်လာနိုင်ပါတယ်။
'ဘုရားသခင်ရဲ့ပညတ်ကို မစောင့်ရှောက်လည်းရတယ်'ဆိုတဲ့ အတွေးက နောက်ဆုံးမှာ ဒီကမ္ဘာပေါ်ကို ဘေးဒဏ်များစွာ ယူဆောင်လာတဲ့ အကြောင်းရင်းဖြစ်လာတယ်လို့ ပရောဖက်ဟေရှာယအပါအဝင် ပရောဖက်တွေက ပြောပြနေပါတယ်။ ဘုရားသခင်ရဲ့ပညတ်တော်တွေကို မိန့်တော်မူတဲ့အတိုင်း စောင့်ရှောက်တဲ့သူတွေဆီမှာ ဝမ်းမြောက်ပျော်ရွှင်ခြင်းနဲ့ ငြိမ်းချမ်းခြင်း ရှိမှာဖြစ်ပြီးတော့ ပညတ်တော်ကို စွန့်ပစ်တဲ့သူတွေဆီမှာတော့ သူတို့ရဲ့အတွေးအတိုင်း ဘေးဒဏ်နဲ့ ကျိန်ခြင်းတွေ သက်ရောက်မှာဖြစ်ပါတယ်။
သို့ဖြစ်၍၊ အို တစ်ပါးအမျိုးသားတို့၊ နားထောင်ကြလော့။ တစ်ပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ်တို့၊ သိမှတ်ကြလော့။ အို မြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ငါ့တရားကိုလည်းငြင်းပယ်သောကြောင့်၊ သူတို့အလိုအလျောက် ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ ငါသက်ရောက်စေမည်။
ယေရမိအနာဂတ္တိကျမ်း ၆:၁၈-၁၉
အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ . . . ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။
သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၁:၇-၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်