သမ္မာကျမ်းစာနဲ့ ပရောဖက်တွေဟာ ခရစ်တော် ဒီမြေကြီးကို ဒုတိယအကြိမ်ကြွလာတော်မူတဲ့ အကြောင်းရင်းဟာ သေခြင်းကို နစ်မွန်းဆုံးရှုံးစေဖို့၊ လူသားတွေကို ထာဝရအသက်ပေးဖို့နဲ့ သူတို့အား ကောင်းကင်နိုင်ငံကို ခေါ်ဆောင်သွားဖို့ဖြစ်တယ်လို့ သက်သေပြုထားပါတယ်။
ပြီးတော့ ကောင်းကင်မှာ သေထိုက်တဲ့အပြစ်ကို ကျူးလွန်ခဲ့ကြတဲ့ လူသားတွေအတွက် ထာဝရအသက်ကို ရရှိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ တုန်းကအတိုင်း ယေရှုခရစ်ရဲ့ အသားနဲ့အသွေးကို စားသောက်တဲ့ ‘ပသခါပွဲ’ပဲ ဖြစ်ပါတယ်။
“သေခြင်းကို နစ်မွန်းဆုံးရှုံးစေတဲ့ ပွဲကို စီရင်တော်မူတဲ့သူဟာ ဘုရားသခင်ကလွဲပြီး မရှိဘူး”ဆိုတဲ့ ပရောဖက်ဟေရှာယရဲ့ ကြိုတင်ဟောစကားအတိုင်း ပသခါပွဲအားဖြင့် သေခြင်းကို နစ်မွန်းဆုံးရှုံးစေတဲ့သူဟာ ခရစ်တော်အန်ဆန်ဟုန်းဖြစ်တဲ့အတွက် ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာ ခရစ်တော်အန်ဆန်ဟုန်းကို ဘုရားသခင်အဖြစ် ယုံကြည်ပြီး ပသခါပွဲကို စောင့်ရှောက်ကြပါတယ်။
ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။
ရှင်ယောဟန်ခရစ်ဝင် ၆:၅၄
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော၊ ... လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။ ...
သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ ...
ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ...
ဟေရှာယအနာဂတ္တိကျမ်း ၂၅:၆–၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်