စာတန်ဟာ ဘုရားသခင်ရဲ့လူမျိုးတွေကို ကောင်းကင်နိုင်ငံမှာ သွေးဆောင်ခဲ့ပြီး ဒီမြေကြီးကို နှင်ထုတ်ခံရစေခဲ့ပြီးတော့ ဒီမြေကြီးပေါ်မှာလည်း ထာဝရကောင်းကင်နိုင်ငံကို ပြန်မသွားနိုင်အောင် ထပ်ပြီးလှည့်ဖြားသွေးဆောင်နေပါတယ်။
ဒါကြောင့် ဘုရားသခင်ရဲ့လူမျိုးတွေက ဘုရားသခင်ကို မကိုးကွယ်နိုင်အောင် ဥပုသ်နေ့၊ ပသခါပွဲကို ဖျက်ဆီးပြီး တနင်္ဂနွေနေ့၊ ခရစ္စမတ်လိုမျိုး နေနတ်ကိုးကွယ်တဲ့ ထုံးတမ်းကို ဘုရားသခင်ရဲ့ဗိမာန်တော်မှာ မိတ်ဆက်ခဲ့ပါတယ်။
ဧလိယဟာ ဘုရားသခင်ကို ကိုးကွယ်တဲ့ ဝတ်ပြုခြင်းကတစ်ဆင့် မိစ္ဆာပရောဖက် အယောက် (၈၅၀)ကို အနိုင်ရခဲ့ပြီး၊ ယေရှုခရစ်တော်လည်း “သင်၏ဘုရားသခင်ကိုသာ ကိုးကွယ်လော့”ဆိုတဲ့ နှုတ်ကပတ်တော်အားဖြင့် စာတန်ကို အနိုင်ရခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကလည်း ပဋိညာဉ်တရားသစ်ကို လိုက်ပြီး ဘုရားသခင်ကိုပဲ ကိုးကွယ်မှပဲ အပြစ်ခွင့်လွှတ်ခြင်းခံရပြီး ထာဝရကောင်းကင်နိုင်ငံကို ပြန်သွားနိုင်တယ်လို့ သင်ပေးခဲ့ပါတယ်။
သင်တို့နေဖူးသော အဲဂုတ္တုပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့ကို ငါပို့ဆောင်လတ္တံ့သော ခါနာန်ပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့သည်မကျင့်၊ သူတို့တရားလမ်းသို့ မလိုက်ရကြ။ ငါစီရင်ချက်ရှိသည်အတိုင်းကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှာ စောင့်ရှောက်ရကြမည်။ . . . ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။ ဝတ်ပြုရာကျမ်း ၁၈:၃–၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်